မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ကန်နှစ်ဆင့်တဲတိုက် အိမ်တိုင်ရာရောက်ရေရရှိရေး အတွက် ယခင် ၂၀၁၇ခုနှစ်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ပူးပေါင်း၍
စက်ရေတွင်းတူးဖော်ခြင်းနှင့် စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ပါသည်။ ထို့နောက် အိမ်တိုင်ရာရောက်ရေရှိရေးအတွက် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အဆိုပါ စက်ရေတွင်းတွင် နေရောင်ခြည်စွမ်းအင်သုံး
ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် ဆိုလာ ၁၅ ကီလိုဝပ် တပ်ဆင်ခြင်းလုပ်ငန်းကို ကျေးရွာနေ ပြည်သူများမှ ကိုယ်ထူကိုယ်စနစ်ဖြင့် ငွေကျပ်သိန်း ၁၃၀ အကုန်အကျခံကာ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် နည်းပညာများကို Mega Global Green Automation ကုမ္ပဏီမှ
တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။